Skip to main content

Posts

ငတ​ရော်​သား​လေး

ကျွန်​​တော်​က​တော့ငတ​ရော်​သား​လေး ဇွဲထက်​​နောင်​ ပါ
Recent posts

ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသားရဲ့ လက်သည်းတွေ ပြတိုက်လှူတော့မယ်

ကမ္ဘာ့လက်သည်းအရှည်ဆုံးလူလို့ သတ်မှတ်ရမယ့်သူတစ်ဦးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လက်တစ်ဘက်ပေါ်က ဒီလက်သည်းတွေကို ပြတိုက်တစ်ခုကိုလှူဖို့အတွက် ၁၉၅၂ခုနှစ်ကတည်းက မညှပ်ဘဲ အရှည်ထားခဲ့တာဖြစ်တယ်လို့ သူကပြောသွားပါတယ်။ အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယအမျိုးသား Shridhar Chillal ဟာ သူကျောင်းနေစဉ်ကတည်းက သူ့ရဲ့ဘယ်ဘက်လက် လက်သည်းတွေကို အရှည်ထားခဲ့တာပါ။ အလွန့်အလွန်ရှည်လျားတဲ့ လက်သည်းတွေကြောင့် အလုပ်နဲ့ ချစ်သူကို ရှာဖို့အခက်တွေ့ခဲ့ပေမဲ့ မလျှော့သော ဇွဲနဲ့ ထားခဲ့တာဖြစ်တဲ့အတွက် လေးစားဖို့တော့ ကောင်းပါတယ်။ သူဟာ အခုဆိုရင် Guinness မှတ်တမ်း (၂၀၁၆ တည်းဖြတ်မှု) မှာ လက်တစ်ဖက်တည်း ကမ္ဘာ့ လက်သည်းအရှည်ဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံခဲ့ရပါပြီ။ ဘာကြောင့်များ လက်သည်းတွေကို ရှည်သည်ထက်ရှည်အောင်ထားခဲ့ရတာလဲလို့ မေးကြည့်လိုက်တော့ “ကျွန်တော် ကျောင်းသားဘ၀တုန်းက၊ တစ်ရက်ကျတော့ ကျွန်တော်တို့ဆရာက ကျွန်တော်တို့ကို အရမ်းရိုက်တော့တာပဲ။ ကျွန်တော့်သူငယ်ချင်းကြောင့် သူ့လက်သည်းကျိုးသွားလို့လေ။ ဆရာ့ လက်သည်းကလည်း အရှည်ချည်းရယ်။ ဆရာရယ် လက်သည်းလေး ကျိုးသွားတာနဲ့ ဘာလို့များဒီလောက်တောင် ရိုက်ရတာလဲလို့ မေးကြည့်တော့ မင်းတို့မှ လက်သည်းအ

မင်္ဂလာပါ

ကျွန်​​တော့ကိုဆက်​သွယ်​ချင်​ရင်​{  ဒါကိုနှိပ်  } ​ကျေးဇူး